စာရေးသူ

အားလုံးမြင်နိုင်ရန်
Amy Boucher Pye

အေမီဘိုချာပိုင်

အေမီဘိုချာပိုင် (Amy Boucher Pye)သည် စာရေးဆရာနှင့် ဟောပြောပို့ချသူဖြစ်ပြီး အင်္ဂလန်နိုင်ငံ မြောက်ပိုင်းတွင် နေထိုင်သည်။ သူမသည် A Loving Look at Life in Britain စာအုပ်၊ ဆုရစာအုပ်ဖြစ်သည့် Finding Myself in Britain: Our Search for Faith, Home, and True Identity နှင့် The Living Cross: Exploring God's gift of forgiveness and new life စာအုပ်တို့ကို ရေးသားခဲ့သည်။ သူမသည် the University of London မှ MA in Christian spirituality ဘွဲ့ကိုရရှိခဲ့ပြီး ယူကေတွင် Woman Alive စာအုပ်အသင်းကို ထူထောင်လုပ်ကိုင်လျက် မိသားစုနှင့်အတူ သာသနာအိမ်တွင် နေထိုင်လျက်ရှိသည်။ သူမအကြောင်းကို amyboucherpye.com (သို့) Facebook (သို့) Twitter ၌ (@amyboucherpye) တွင် ရှာကြည့်နိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ အေမီဘိုချာပိုင်

ကျွန်ုပ်တို့သည် ဘုရားမဟုတ်

ဆရာကြီးစီအက်စ်လူးဝစ်ရေးသားသည့် “Mere Christianity” (ခရစ်ယာန် ဘာသာမျှသာ) ဟူသည့် စာအုပ် ၌ မိမိသည် မာန်တက်သူဟုတ်မဟုတ် မေးခွန်းများမေး၍ မိမိကိုယ်ကိုစစ်ကြောရန် အကြံပြုသည်။ “အခြားသူက မိမိကို အဖက်မတန်သကဲ့သို့ဆက်ဆံလျှင်၊ မိမိကို သတိမပြုမိလျှင်၊ ကိုယ့်ထက်သာသည့်အချိုးဖြင့် ဆက်ဆံလျှင်၊ အမြင်ကပ်စရာပုံစံဖြင့် လာအစွမ်းပြကြွားဝါလျှင် ... မိမိသည် မည်မျှ မနှစ်မြို့သဘောမကျ ဖြစ်တတ်သနည်း။” ဆရာကြီး လူးဝစ်က မာန်မာနထောင်လွှားခြင်းသည် အဆိုးဆုံးသောမကောင်းဆိုးဝါးကို ဂျိုတပ်ပေးခြင်း၊ အိမ်ထောင်နှင့်နိုင်ငံကို ဆိုးရွားပျက်စီးစေသော အဓိကအကြောင်းအရင်းအဖြစ်ရှုမြင်သည်။ ၎င်းသည် မေတ္တာ၊ ရောင့်ရဲခြင်းနှင့် သာမန်အသိစိတ်တို့ကို လှိုက်စားပစ်သည့် ‘ဝိညာဉ်ရေးကင်ဆာ’ ဟု ဆရာကြီးက ကင်ပွန်းတပ်သည်။

ခေတ်အဆက်ဆက်တွင် မာနထောင်လွှားခြင်းသည် ပြဿနာဖြစ်သည်။ အင်အားကြီးသော တုရုမြို့၏ထောင်လွှားမှုကို ပရောဖက်ယေဇကျေလအားဖြင့် မြို့ခေါင်းဆောင်များအား ဘုရားရှင်သတိပေးခဲ့သည်။ တုရုမင်း၏ မာန်မာနသည် သူ့ကို ကျဆုံးစေမည်။ “သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ ထင်မှတ်သောကြောင့်…

အရာအားလုံးကို စွန့်လွှတ်ခြင်း

လူနှစ်ဦးသည် သူတို့၏အသက်မွေးဝမ်းကြောင်း အနုပညာအလုပ်ကို စွန့်ပြီး ဘုရားသခင် သူတို့ကို စေလွတ်သည်ဟုယုံကြည်သောနေရာများသို့ သွားရောက် အစေခံခဲ့ကြသည်။ James O. Fraser (၁၈၈၆-၁၉၃၈) သည် အင်္ဂလန်၌ ပြဇာတ်များတွင် စန္ဒယားတီးပေးသည့်အလုပ်ကို ဆက်မလုပ်တော့ဘဲ တရုတ်ပြည်ရှိ လီဆူလူမျိုးများအား အစေခံရန် ဆုံးဖြတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင်
အမေရိကန်လူမျိုး Judson Van DeVenter (၁၈၅၅-၁၉၃၉) သည် အနုပညာအလုပ်ဆက်လုပ်မည့်အစား ဧဝံ‌ဂေလိဆရာအဖြစ်အစေခံရန် ရွေးချယ်ခဲ့သည်။ နောက်ပိုင်း သူသည် “ရှိသမျှစွန့်ခြင်းကျူး”ဓမ္မသီချင်းကို ရေးစပ်ခဲ့သည်။

လူများစွာတို့အတွက် အနုပညာအလုပ်သည် အကောင်းဆုံးဟု ထင်မြင်နေချိန်တွင် ဤလူနှစ်ဦးမှာ ဘုရားသခင်သည် အခြားသောအလုပ်တစ်ခုအတွက် ဤအသက်မွေးမှုကို စွန့်လွှတ်စေပြီး သူတို့ကို ရွေးကောက်သည်ဟုယုံကြည်‌ခဲ့သည်။ ငယ်ရွယ်သောသူကြွယ်အရာရှိငယ်အား ပိုင်ဆိုင်သမျှကို စွန့်လွှတ်ပြီး သူ့နောက်သို့လိုက်ရန် သခင်ယေရှုပြောခဲ့သည့်အဖြစ်အပျက်မှ ၎င်းတို့ လှုံ့ဆော်မှုခံရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည် (မာ ၁၀:၁၇-၂၅)။ ထိုသို့ ဖလှယ်ခြင်းသဘောကို မြင်ပြီး…

ရင့်မှည့်ခြင်းဖြစ်စဉ်

ဆရာချားလ်စ် စီမီရော(Charles Simeon) (၁၇၅၉-၁၈၃၆)၏ အင်္ဂလန်နိုင်ငံ၊ ကင်းမ်ဘရစ်မြို့တွင် သာသနာပြုသည့်နှစ်ပေါင်း ၅၀ အစောပိုင်းတွင် သူသည် အနီးဝန်းကျင်ရှိ သင်းအုပ်ဆရာ ဟင်နရီဗန်း(Henry Venn)နှင့် သမီးများထံသွားရောက်တွေ့ဆုံခဲ့သည်။ သူပြန်သွားပြီးနောက် သူ့အား ကြမ်းတမ်းပြီး မိမိကိုယ်ကိုအထင်ကြီးသောလူငယ်ဖြစ်ပုံပေါ်သည်ဟု သမီးများက မှတ်ချက်ချကြသည်။ ထိုအခါ ဖခင်က မက်မွန်သီးတစ်လုံးခူးခိုင်းရာ၊ သမီးများက မမှည့်သေးသောအသီးကို ဘာ့ကြောင့်လိုချင်သနည်းဟုတွေးစဉ် ဖခင်က “သမီးတို့ရေ၊ အခုအသီးက စိမ်းနေသေးတယ်။ ဒါကြောင့် တော်တော်စောင့်ရအုံးမယ်။ နေရောင်ပိုရပြီး ရေလည်းပိုလောင်းပေးမယ်ဆိုရင် မက်မွန်သီးမှည့်လာပြီး ချိုလာမှာ။ မစ္စတာ စီမီရောလည်း အဲ့အတိုင်းပါပဲကွယ်” ဟုပြောပြခဲ့သည်။

နှစ်အတန်ကြာပြီးနောက် စီမီရောသည် ဘုရားရှင်၏ပြောင်းလဲစေသောကျေးဇူးတော်ကြောင့် နူးညံ့ပျော့ပြောင်းလာခဲ့သည်။ အကြောင်းရင်းတစ်ချက်မှာ နေ့စဉ်ကျမ်းစာဖတ်ဆုတောင်းမည်ဟု သူဆက်ကပ်လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူနှင့်အတူ လအနည်းငယ် နေထိုင်ခဲ့သည့်မိတ်ဆွေက ထိုအလေ့အကျင့်ကို မြင်ခဲ့ရပြီး “ဒါဟာ သူ့ရဲ့ကြီးမြတ်တဲ့ယဉ်ကျေးသိမ်မွေ့မှုနှင့် ဝိညာဉ်ရေးရာ ခွန်အားတို့ရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်” ဟု…

ပျက်စီးသူများကို ပြန်လည်တည်ဆောက်ခြင်း

သူ၏ခိုးဝှက်တတ်ခြင်းနှင့်မူးယစ်ဆေးစွဲခြင်းကြောင့် တောင်အာဖရိကနိုင်ငံ ကိတ်ထောင်းမြို့၊ မဲန္နာဘတ် ရပ်ကွက်ရှိ မိသားစုအိမ်ကို အသက် ၁၇ နှစ်တွင် ဒေါင်းဝိန်း စွန့်ခွာခဲ့ရသည်။ သို့သော် ဝေးဝေးမသွားဘဲ မိခင်၏ခြံနောက်တွင် တဲရုံဆောက်၍ နေခဲ့ပြီး မကြာမီ မူးယစ်ဆေးသုံးစွဲသောနေရာ ကာစီနိုဟူ၍ ကျော်ကြားလာခဲ့သည်။ သို့သော်လည်း အသက် ၁၉ နှစ်တွင် ယေရှုခရစ်တော် အားဖြင့် ကယ်တင်ခြင်းကို ဒေါင်းဝိန်း ခံစားခဲ့ရသည်။ မူးယစ်ဆေးဖြတ်သည့် သူ့ဘဝခရီးက ရှည်လျား ပင်ပန်းခဲ့သော်လည်း ယေရှုကိုယုံကြည်သူ မိတ်ဆွေ များ၏အထောက်အမနှင့် ဘုရားသခင်၏ကူညီမှုအားဖြင့် သန့်ရှင်းလျက် လွတ်မြောက်ခဲ့သည်။ ကာစီနိုကို သူတည်ဆောက်ပြီး ဆယ်နှစ်အကြာတွင် သူနှင့် အခြားသူများက ၎င်းကို အိမ် အသင်းတော်အဖြစ်ပြောင်းလဲခဲ့သည်။ တစ်ချိန်က မှောင်မိုက်၍ စိတ်ချည်နှောင် ခံရသောနေရာသည် ယခုအခါ ဝတ်ပြုဆုတောင်းရာနေရာဖြစ်လာခဲ့သည်။

ထိုအသင်းတော်ကိုဦးဆောင်သူများက ယေရမိ ၃၃ ကို မျက်မှောက်ပြု လျက် ဒေါင်းဝိန်းနှင့်…

ထာဝစဉ် ကျေးဇူးတင်ပါ

၁၇ ရာစုနှစ်အတွင်း ကမ္ဘာစစ်နှင့်ကပ်ရောဂါကျရောက်သည့်ကာလတွင် မာတင်ရင်းကတ်သည် ဂျာမနီနိုင်ငံ၊ ဆက်ဇိုနီမြို့တွင် ဘုန်းတော်ကြီးအဖြစ် နှစ်ပေါင်း ၃၀ ထက်မနည်း အစေခံခဲ့သည်။ တစ်နှစ်တွင် သူ့ဇနီး၏အသုဘ အပါအဝင် အသုဘအခမ်းအနား ၄၀၀၀ ကျော်ကိုဦးဆောင်ခဲ့ပြီး အစားအသောက် ပြတ်လပ်သည့်ကာလတွင်လည်း အများနည်းတူ သူ၏မိသားစုလည်း အငတ်ဘေးကြုံခဲ့ရသည်။ စိတ်ဓာတ်ကျသော်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ယုတ်လျော့သွားခြင်းမရှိဘဲ ခွန်အားအပြည့်ဖြင့် အစဉ်အမြဲ ကိုယ်တော်ကို ချီးမွမ်းသည်။ သူ၏ချီးမွမ်းခြင်းက ဂျာမန်ဓမ္မသီချင်း “Nun danket alle Gott,” ကို မွေးဖွားပေးခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် “Now Thank We All Our God” ဟူသည့် ထင်ရှားသောသီချင်းဖြစ်လာခဲ့သည်။

ဘုရားရှင် စိတ်ပျက် အမျက်ထွက်အောင် ပြုမိချိန်(ဟေရှာ ၁၂:၁)၊ ရန်သူတို့၏ဖိနှိပ်ညှဥ်းဆဲခြင်းကိုခံရချိန် အပါအဝင် အချိန်တိုင်း အစဉ်မပြတ်ကျေးဇူးတင်လျက်ချီးမွမ်းရန်၊ ထိုမျှမက ဘုရားသခင်၏နာမတော်ကိုပတ္ထနာပြုလျက် “အမှုတော် တို့ကို…

ဘုရားသခင် မိန့်တော်မူသောအခါ

သမ္မာကျမ်းစာဘာသာပြန်သူ လီလီသည် သူ့နိုင်ငံသို့ ပြန်လာသောအခါ လေဆိပ်၌ အဖမ်းခံရသည်။ သူ၏မိုလ်ဘိုင်းဖုန်းကို စစ်ဆေးပြီး ဓမ္မသစ်ကျမ်း အသံဖိုင်ကို တွေ့သောအခါ ဖုန်းအသိမ်းခံရသည်။ သူ့ကိုလည်း ၂ နာရီနီးပါး မေးမြန်းစစ်ကြောသည်။ တဖန် App ကို ဖွင့်ပြခိုင်းရာ ဖွင့်မိသောကျမ်းပိုဒ်မှာ မဿဲ ၇:၁-၂ ဖြစ်နေသည်။ “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြု ကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏။ ထိုတရား အတိုင်း စီရင်ခြင်းကိုခံရကြမည်။ အကြင်ချိန်တင်းပမာဏနှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်”။ ထိုကျမ်းချက်ကို ၎င်း၏ မိခင်ဘာသာစကားဖြင့် ကြားလိုက်ရ၍ အရာရှိတစ်ဉီးမှာ ထိတ်လန့်သွားသည်။ နောက်ပိုင်းတွင် လီလီ့ကို လွတ်လိုက်ပြီး၊ ရှေ့ဆက်အရေးယူမှု မရှိတော့ပါ။

လေဆိပ်မှာအရာရှိကြီး၏စိတ်၌ မည်သို့ဖြစ်သွားသည်ကို ကျွန်ုပ်တို့မသိ သော်လည်း ထာဝရဘုရား၏နှုတ်ကပတ်စကားသည် သူ့အလိုကို ပြည့်စုံစေ…

သူစိမ်းတစ်ရံဆံများကို ချစ်ခြင်း

ကျွန်မသည် အခြားနိုင်ငံတစ်နိုင်ငံသို့ ပြောင်းရွေ့ခဲ့ချိန်က ပထမဆုံးကြုံတွေ့ရသည့် အရာများအနက်တစ်ခုမှာ ကျွန်မကို မကြိုဆို မလက်ခံလိုသကဲ့သို့ခံစားရချက် ဖြစ်သည်။ ထိုနေ့က ကျွန်မ၏ခင်ပွန်း တရားဟောရသည့် ဘုရားကျောင်းလေး၌ နေရာတစ်နေရာရပြီးချိန်တွင် သက်ကြွယ်လူကြီးတစ်ဦးက “ဟိုဖက်ရွေ့ပေး” ဟု ပြောလိုက်ရာ ကျွန်မမှာ ကြောင်အမ်းအမ်းဖြစ်သွားသည်။ ထိုသူ၏ဇနီးက သူတို့ အမြဲထိုင်သည့်ခုံတန်း၌ ကျွန်မထိုင်နေခြင်းဖြစ်ကြောင်း ရှင်းပြပြီး တောင်းပန်စကား ဆိုသည်။ အသင်းတော်ရံပုံငွေရှာရန်အတွက် ခုံတန်းကို အသင်းသားများအား ငှားရမ်းလေ့ရှိကြောင်း၊ သူများငှားပြီးသားထိုင်ခုံကို မည်သူမှ မထိုင်မိအောင် သေချာဂရုစိုက်ကြကြောင်း နှစ်များစွာကြာမှ ကျွန်မသိခဲ့ရသည်။ ဆယ်စုနှစ် တစ်လျှောက်လုံး ထိုသဘောထားကို ကျင့်သုံးခဲ့ကြောင်း ထင်ရှားပါသည်။

နောက်ပိုင်းတွင် ကျွန်မကြုံခဲ့ရသည့်အဖြစ်နှင့် တစ်ခြားစီဖြစ်သည့် နိုင်ငံခြားသား/တစ်ပါးအမျိုးသားများကို ကြိုဆိုလက်ခံရန် ဘုရားသခင်က ဣသရေလလူတို့ကို ညွှန်ကြားထားသည့်အကြောင်းကို ကျွန်မ ပြန်ဆင်ခြင်ခဲ့ သည်။ လူမျိုးတော်တို့ ကြီးပွားတိုးတက်စေမည့် နည်းဥပဒေများကို ချမှတ်ရာတွင် ဣသရေလတို့ကိုယ်၌က တိုင်းတစ်ပါးတွင် ဧည့်သည်ဖြစ်ခဲ့ဖူးသည့်အတွက်…

ခရစ်တော်ကို မည်သို့ထင်ဟပ်စေမည်နည်း

Thérèse of Lisieux သည် ပူပင်မှုကင်းမဲ့သော ပျော်ရွှင်သောကလေးဖြစ်သည်။ သို့သော် သူအသက် ၄ နှစ်အရွယ်တွင် သူ့မိခင်ဆုံးပါးသွားသည့်နောက် သူမသည် ကြောက်ရွံ့လာပြီး အလွယ်တကူ စိတ်ထိခိုက်လွယ်သူဖြစ်သွားသည်။ ထို့နောက် နှစ်အတန်ကြာပြီးနောက် ခရစ်စမတ်မတိုင်မီတစ်ညတွင် ထိုအရာများအားလုံးပြောင်းလဲသွားတော့သည်။ အသင်းတော်မှလူများနှင့် သခင်ယေရှု၏ မွေးနေ့တော်ကို ဆင်နွှဲကြပြီးနောက် သူမကို ဘုရားသခင်က ကြောက်ရွံ့ခြင်းများမှ လွတ်မြောက်ခြင်းပေးပြီး ဝမ်းမြောက်ခြင်းကိုပေးကြောင်း သူမခံစားလိုက်ရသည်။ ထိုပြောင်းလဲခြင်းသည် ကောင်းကင်ဘုန်းစည်းစိမ်ကိုစွန့်ကာ ယေရှုဟူသည့် လူသားအဖြစ် ကြွဆင်းလာသူ၊ ယခုသူ့အထဲ၌ ကျိန်းဝပ်သည့် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်သည်ဟု သူဆိုသည်။

ခရစ်တော် ကျွန်ုပ်တို့အထဲ၌ ကျိန်းဝပ်တော်မူခြင်းသည် မည်သည့်အဓိပ္ပာယ်နည်း။ ကောလောသဲအသင်းတော်သို့ ရှင်ပေါလုပြောသကဲ့သို့ပင် ၎င်းသည် နက်နဲသောအရာဖြစ်ပြီး ဘုရားသခင်သည် ရှေးကာလပတ်လုံးဝှက်ထားလျက်ရှိသော်လည်း သူ၏လူတို့အား ယခုဖော်ပြလေပြီ(ကော ၁:၂၆)။ “ထိုနက်နဲသော အရာကား ... ဘုန်းအသရေကိုမျှော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့ အထဲ၌ တည်တော်မူသောခရစ်တော်”ဖြစ်ကြောင်းကို…

ကောလာဟလစကားများရပ်

ကိမ်းဘရစ်ချ်၊ အင်္ဂလန်၌ ချားလ်စ်စီးမီယန်(၁၇၅၉-၁၈၃၆) သည် Holy Trinity အသင်းတော်၏သင်းအုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် နှစ်အတော်ကြာ သူ့အား အတိုက်အခံဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရသည်။ အသင်းသားအများစုက စီးမီယန် ထက် တွဲဖက်သင်းအုပ်ကိုသာ ခန့်စေလိုသည့်အတွက် စီးမီယန်၏ ကောလာဟလ သတင်းများလိုက်ဖြန့်ပြီး သူ၏အမှုတော်လုပ်ငန်းကိုလည်း ဆန့်ကျင်ခဲ့ကြသည်။ သူ့ကို ဘုရားကျောင်းထဲ ပေးမဝင်သည့်အချိန်များပင် ရှိသေးသည်။ သို့သော် ဘုရားသခင်၏ဝိညာဉ်နှင့် ပြည့်ဝလိုသည့် စီးမီယန်က သူခံယူကျင့်သုံးမည့် အခြေခံ စည်းမျဉ်းများ ချမှတ်ခြင်းဖြင့် အတင်းအဖျင်းများကို ရင်ဆိုင်ရန် ပြင်ဆင်သည်။ စည်းမျဉ်းတစ်ချက်မှာ အပြည့်အ၀မှန်ကန်မှုမရှိပါက ကောလာဟလများကို စိုးစဥ်းမျှမယုံရန်၊ နောက်တစ်ချက်မှာ “အခြားတစ်ဘက်၏ ကောလာဟလကို ကြားရပါက ကြားရသောအရာနှင့်လုံးဝကွဲပြားသည့် အကြောင်းအရာကို ပြန်ပြောပြီး ထိုအရာကိုသာ အစဉ်အမြဲယုံကြည်ရန်” ဖြစ်သည်။

ဤလက်တွေ့လုပ်ဆောင်ခြင်း၌ တစ်ဦးအပေါ်တစ်ဦး မေတ္တာထားခြင်းကို ဆုတ်ယုတ်ပျက်ပြားစေမည့် အတင်းအဖျင်းနှင့် မလိုမုန်းထားသောစကားများကို ဆက်မပြောရန် လူမျိုးတော်တို့အား ဘုရားရှင်ညွှန်ကြားချက်ကို…

ငါးမမျှားရ

ခွင့်လွှတ်ခြင်းသည်အရေးကြီးကြောင်း လူမျိုးတုံးသတ်ဖြတ်မှုဘေးမှ အသက်မသေဘဲ လွတ်မြောက်ခဲ့သူ ကော်ရီတဲန်ဘူးမ် ကောင်းကောင်းသိသည်။ သူရေးသားသည့် Tramp for the Lord စာအုပ်တွင် ခွင့်လွှတ်ပြီးအပြစ်များကို ပင်လယ်ထဲချပစ်ခြင်းသည် သူအနှစ်သက်ဆုံး မြင်ကွင်းပုံရိပ်ဖြစ်သည်ဟု ဆိုသည်။ “မိမိ၏အပြစ်များကို ဝန်ချ တောင်းပန်သောအခါ၊ ထိုအပြစ်များကို ဘုရားသခင်က အနက်ဆုံးသော ပင်လယ်ထဲသို့ လွင့်ပစ်သည်။ ထာဝရမရှိတော့ပါ။...ဘုရားသခင်သည် ‘ငါးမမျှားရ’ ဟူသည့်ဆိုင်းဘုတ်ကို စိုက်ထူလိမ့်မည်ဟု ကျွန်မယုံကြည်သည်”ဟု ရေးသားခဲ့သည်။

ယုံကြည်သူများသည် ညစ်ညူးသောခံစားချက်များ၌ လူးလှိမ့်ရင်း ဘုရားသခင်သည် အပြစ်မှားယွင်းမှုများကို ခွင့်လွှတ်သည်တွင် မိမိသည် အကြွင်းမဲ့ လုံးဝခွင့်လွှတ် ခံရကြောင်းအချက်ကို လွတ်သွားတတ်သဖြင့် ထိုအရေးကြီးသော သမ္မာတရားကို သူထောက်ပြခြင်းဖြစ်သည်။ ညစ်ညူးသောခံစားချက်များကြား၌ လူးလိမ့်ရင်း မိမိ၏ ရှက်ဖွယ်အပြုအမူများကို ပြန်တူးဆွရန်မလိုဘဲ၊ ကိုယ်တော်၏ကျေးဇူးကရုဏာနှင့် ခွင့်လွှတ်ခြင်းကို လက်ခံကာ သူ့နောက်သို့ လွတ်လပ်စွာလိုက်လျှောက်ရန်ဖြစ်သည်။

ဆာလံကျမ်း ၁၃၀ တွင် ‘ငါးမမျှားရ’အတွေးအမြင်ကို တွေ့ရသည်။…